Myanmar ICT Exihibition host for 10 Years


ရန်ကုန် တပ်မတော်ခမ်းမတွင် အိုင်စီတီ ပြပွဲ စည်ကား

မိုးမခ အထောက်တော် ၀၀၃၊ ဓာတ်ပုံသတင်း

နိုဝင်ဘာ ၁၊ ၂၀၀၈

ယခု ရက်သတ္တပတ်က စပြီး ၁၀နှစ်မြောက် အိုင်စီတီပြပွဲကို ရန်ကုန်၊ ဦးဝိစာရလမ်း၊ တပ်မတော်ခမ်းမမှာ ကျင်းပပါတယ်။ ကွန်ပျူတာနဲ့ သတင်းဆက်သွယ်ရေး ကုမ္ပဏီအများအပြား ပြခန်းယူ ဖွင့်လှစ်ကြပြီး အပြိုင်အဆိုင် ဈေးများ ချရောင်းကြလို့ စားသုံးသူတွေက ကျေနပ်ကြတယ်လို့ ဆိုပါတယ်။ အရောင်းမြှင့် အမျိုးသမီးငယ်လေးများ၊ မော်ဒယ်လူငယ်များနဲ့ ဖျော်ဖြေရေး သရုပ်ဆောင်တွေကို သုံးစွဲပြီး ဆွဲဆောင်တာကို တွေ့ရပါတယ်။ ရဟန်းသံဃာများလည်း ပွဲတော်ကို တက်ရောက်ကြတာကို တွေ့ရပါတယ်။ ဓာတ်ပုံတွေကို ရှုစားနိုင်ပါတယ်။ (မိုးမခ - ဓာတ်ပုံ)

Comments