NLD celebrate 88th National Day in Rangoon, Burma

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မိုးမခ အထောက်တော် (ရန်ကုန်)

နိုဝင်ဘာ ၂၂၊ ၂၀၀၈

စစ်အစိုးရက နိုင်ငံရေးအတိုက်အခံများကို မတရားထောင်ဒဏ်များ ကြီးလေးစွာချမှတ်ပြီး ဖိနှိပ်သည့်ကြားထဲက အတိုက်အခံပါတီကြီးတခုဖြစ်သော အင်န်အယ်လ်ဒီက နိုင်ငံရေး မိတ်ဆွေများ၊ ပါတီဝင်များ၊ ဧည့်ပရိသတ်များဖိတကြားပြီး ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကျင်းပခဲ့သည်။ ကိုလိုနီခေတ် ၁၉၂၀တွင် ပထမဦးဆုံးအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှုတခုဖြစ်သည့် ပထမကျောင်းသားသပိတ်ကို အထိမ်းအမှတ်ပြုသည့် အမျိုးသားနေ့ အခမ်းအနားတွင် လက်ရှိနိုင်ငံရေး နှင့် အထွေထွေအကြပ်အတည်းက စည်းလုံးညီညွတ်စွာ ရုန်းထွက်ကြရေး ဟောပြောကြသည် ဆိုသည်။

Comments