poem for U Win Tin

မြန်မာပြည်မှ သူရဲကောင်း သတင်းစာဆရာ
မောင်သြ
နိုဝင်ဘာ ၃၊ ၂၀၀၈

ထောင်ထဲမှာ ... ကျား
အပြင်မှာ ... ကျား
အာဂသတ္တိ မြန်မာပြည်သား။

ထောင်ထဲမှာ ရဲစိတ်မှန်
အပြင်မှာ ဇွဲစိတ်သန်
ယုံကြည်ချက်ကို ဦးထိပ်ပန် ...

ထောင်ထဲမှာ ဒီစိတ်
အမျိုးသားရေး ချစ်တဲ့စိတ် ...

ထောင်ထဲမှာ ဒီနှလုံးသား
အပြင်မှာလည်း ဒီနှလုံးသား
ဒီမိုကရေစီရဲ့ ဘက်တော်သား ...

ထောင်ထဲမှာ ဒီဝတ်စုံ
အပြင်မှာလည်း ဒီဝတ်စုံ
လူ့အခွင့်အရေး နိမိတ်ပုံ ...

ထောင်ထဲမှာ ဒီစကား
အပြင်မှာလည်း ဒီစကား
ဖြောင့်မတ်ခိုင်ကျည် သစ္စာတရား ...

ထောင်ထဲမှာ ဒီအပြုံး
အပြင်မှာလည်း ဒီအပြုံး
ပြည်သူ့အတွက် သူ့မျက်လုံး
နိုင်ငံအတွက် သူ့မျက်လုံး
အနှစ် ၂ဝမျှ
အကျဉ်းကျခံ အုတ်နံရံထဲ
ဆင်းရဲမွန်းကျပ် နေခဲ့လတ်လည်း
စိတ်ဓာတ်ခိုင်ကျည် ရဲရဲနီလျက်
အနိုင်မခံ အရှုံးမပေး
သတ္တိသွေးကို လေးစားပါသည်
တို့ ယုံကြည် ...
အို ... ပြည်သူချစ်သော သတင်းစာဆရာ
သင်၏ နှလုံးသားမှ ...
NLD ကို ဝန်းရံ
ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ
လွှတ်တော်ကို ဝန်းရံ
ရံသုံးရံသည်၊ အမှန်တရား
တို့ရင်ကြားကို အပ်ဖျားနှင့်ဆွ
နှိုးတက်ကြွဖို့ တပ်လှန့်နှိုးဆော်လိုက်ပါပြီ ...။

သင်၏ စကား
သစ္စာတရားကို ... အားလုံးငါတို့ လိုက်နာဖို့
စည်းလုံးညီညွတ်ရှိကြစို့။ ။

(၂၃.၉.ဝ၈နေ့က လွတ်မြောက်လာသော သတင်းစာဆရာကြီး ဦးဝင်းတင် ... သို့)

Comments