twenty years


အနှစ် နှစ်ဆယ်
ပန်ဒိုရာ
နိုဝင်ဘာ ၁၀၊ ၂၀၀၈

ဒါဟာ ကလီရှေးဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်တယ်
ဟိုနားဒီနား လျှောက်သွားနေတဲ့ ဝေါဟာရ
ဒါပေမယ့် ရွေးချယ်စရာက မရှိတော့ဘူး
ရှေ့မှာ အနှစ်နှစ်ဆယ်စာကြီးက ပက်လက်မျောနေတယ်
နောက်ပြန်လှည့်ကြည့်လိုက်တော့လည်း မျောခဲ့တာ အနှစ်နှစ်ဆယ်ပဲ
ခေါင်းငုံ့နေလိုက်မလား ကြာသွားမယ်အနှစ်နှစ်ဆယ်
ဒါဆိုခေါင်းမော့ကြည့်ရဲသလား တွေ့သွားမယ်အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်လုံးလုံး အိပ်မက်ကတစ်မျိုးထဲရယ်
အနှစ်နှစ်ဆယ်ထောင်ချောက်ထဲမှာ အနှစ်နှစ်ဆယ်တေးတွေပဲ တီးကြဆိုကြ
ဒီလိုဆို နောင်အနှစ်နှစ်ဆယ်ကြာဘ၀တွေထဲကလည်း
အသက်နှစ်ဆယ် ထည့်ထည့်နုတ်နေကြရဦးမယ်
အနှစ်နှစ်ဆယ်ကိုရင်းပြီး အနှစ်နှစ်ဆယ်ကို ဖဲ့ထုတ်ဖို့ တဲ့
သို့ဖြစ်လေရာ ခင်ဗျားတို့နဲ့ ကျုပ်တို့ စကားတစ်ခွန်းလောက် ပြောလိုက်တိုင်းမှာ
အနှစ်နှစ်ဆယ်စာ တန်နေတာ ဘယ်တော့မှ မမေ့ပါနဲ့ …။

Comments