editor Ko Aung San


အယ်ဒီတာ ကိုအောင်ဆန်း
တင်မိုး
ဒီဇင်ဘာ ၁၂၊ ၂၀၀၈

သတ္တိရှိရှိ၊ တာဝန်သိသိ
စာ၏၀န်တာ၊ ငါ့ဝန်တာဟု
တာဝန်သိစိတ်၊ ခြသေ့င်္စိတ်နှင့်
အင်္ဂလိပ်ကျောင်းအုပ်ရှေ့က အယ်ဒီတာ။

ခြိမ်းခြောက်သော်လည်း မဖြုန်
ချော့မြှောက်သော်လည်း မတုန်
အိုးဝေအယ်ဒီတာ၏ဂုဏ်။

‘ငရဲခွေး’ ကို
ရေးသူဖော်ခိုင်း၊ ရာဇ၀င်ရိုင်းရော့မည်
ခြောက်တိုင်းမကြောက်၊ ဒူးမထောက်သည်
ရဲရဲတောက်အယ်ဒီတာ။

ကျောင်းထုတ်ခံ၍
အမှန်ဘက်က၊ ရပ်တည်ပြသည်
သမဂ္ဂအယ်ဒီတာ၊ သူခေါင်းမာ၍
၁၉၃၆ အရေးတော်ပုံ ပေါ်ခဲ့သည်။

အကယ်၍သာ
အယ်ဒီတာ ကိုအောင်ဆန်း၊ ရာဇ၀င်နွမ်းခဲ့လျှင်
လွတ်လပ်ရေးလမ်း ပွင့်ပါ့မလား။

အယ်ဒီတာ့စားပွဲ၊ သူ့အံဆွဲမှ
ခဲစာလုံးတွေရဲ့ တန်ဖိုးများ
လွတ်လပ်ရေးရဲ့ ရွှေတံခါး။ ။

[ မူရင်း - ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၅ သြဂုတ် ]

Comments