မိုးမခအထောက်တော် ၆
ဒီဇင်ဘာ ၁၁၊ ၂၀၀၈
လက်နက်ကိုင်ကျောင်းသားခေါင်းဆောင်ဘ၀မှ စာနယ်ဇင်းသမားအဖြစ် ကူးပြောင်းလာသူတဦး၏ အတွေ့အကြုံဆောင်းပါးများကို စုစည်းထားသည့် စာအုပ်သစ်တအုပ် စတင်ဖြန့်ချိလျက်ရှိသည်။ဒီဇင်ဘာ ၁၁၊ ၂၀၀၈
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အကြီးတန်းသတင်းထောက် ကိုထက်အောင်ကျော်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော Far from Home: 20 years in Exile အမည်ရှိ အဆိုပါ စာအုပ်တွင် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ ပါဝင်သည်။ ဆောင်းပါးသစ် ၅ ပုဒ်၊ The Irrawaddy, Bangkok Post, The Nation, Democratic Voice of Burma သတင်းဌာနတို့တွင် ဖော်ပြခဲ့ဖူးသည့် ဆောင်းပါးဟောင်း ၂၄ ပုဒ် ပါဝင်သည်။
ကိုထက်အောင်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ရင်း ၂၀၁ ၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သည်။
ယမန်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတွင် ကိုထက်အောင်ကျော်က “ဒီစာအုပ်မှာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေ တွေ့လိမ့်မယ်၊ ဘာဆက်လုပ်ကြမလဲ ဆိုတာကို မေးခွန်းထုတ်ထားတယ်၊ စာအုပ်မှာတော့ အဖြေပေးမထားဘူး” ဟု ဆိုသည်။
စာအုပ်တန်ဖိုးမှာ ၁၀ ဒေါ်လာဖြစ်ပြီး http://www.irrawaddy.org/Ads/far_from_home.html မှတဆင့် ၀ယ်ယူနိုင်သည်။
Comments