ချောင်းကြည့်ပေါက်များ
ထူးအိမ်သင်
ဒီဇင်ဘာ ၁၆၊ ၂၀၀၈
ဒီဇင်ဘာ ၁၆၊ ၂၀၀၈

သူ့အလို …
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ
(၁)
“စကားလုံးများ”ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည် “အစစ်အမှန်”ဖြစ်တယ် … တဲ့။
(၂)
“ခြေထောက်တွေ”ဟာ “လမ်း”ဖြစ်ပြီး
“ငါ”သည် “ခရီးဆုံး” ဖြစ်တယ် … တဲ့။
(?)
ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကျမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ … တဲ့။
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ ငါကဖြင့် … တဲ့။
အင်း …
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ …
… … … ။ ။
[ မူရင်း - ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၂၀၀၄ နိုဝင်ဘာလ ]
Comments