Journal Digest - Dec 24th 2008

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဒီဇင်ဘာ ၁၈၊ ၂၀၀၈

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မှာ ဖုံးကဒ် (ဆင်းကဒ်)တွေ အလုအယက် ၀ယ်နေကြပါတယ်တဲ့။ FEC ၅၀ တန် ကဒ် ရောင်းတဲ့ ကုမ္မဏီက အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့နောက် ဆက်သွယ်ရေးက ရောင်းတဲ့ ၁၀ နဲ့ ၂၀ တန် တခါသုံးကဒ်တွေ အထူး အရောင်းသွက်တယ်လို့ ဆိုပါတယ်။ ၁၀ တန်က ၂ ပတ်အတွင်း၊ ၂၀ တန်က ၁ လအတွင်း သုံးစွဲရမယ်လို့ သိရပါတယ်။


အခြား သတင်းခေါင်းစဉ် ကောက်နုတ်ချက်တွေကတော့ - ပူတာအို ဧည့်ရိပ်သာကို ထူးကုမ္မဏီက လွှဲယူလိုက်။ နာဂစ် ဒေသ အကူ ပြည်တွင်းက အလှူများ ပိုမိုလိုအပ်။ ရွှေ့လျား ဆေးရုံသဘောင်္များဖြင့် လူနာ ၁ သိန်းခွဲ ကျော် ကုသပေးနိုင်ခဲ့ပြီးဖြစ်။ မန္တလေးက မီးသင့် ရတနာပုဈေးကြီး အသစ်ပြန်လည် တည်ဆောက်နေပြီ။ နေပြည်တော်သို့ လာရောက်သည့် ဧည့်သည်များ အောက်တိုဘာက တိုးတက်လာ။ မီးစက်များ ရောင်းအားတက်။ စင်္ကာပူက မြန်မာများ အွန်လိုင်းက အခွန်ဆောင်နိုင်ပြီ။ ဖတ်ပြါ့

Comments