North Korean asylum seekers arrested in Burma

တောင် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်မြင်ကွင်း (ဓာတ်ပုံ-အေပီ)

မြောက်ကိုရီးယား ၁၉ ဦး တာချီလိတ်တွင် အဖမ်းခံရ

အေပီသတင်းဌာန

ဒီဇင်ဘာ ၂၁၊ ၂၀၀၈


မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသူ ၁၉ ဦး မြန်မာထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိထားကြောင်း မြန်မာအစိုးရအရာရှိတဦးက ယမန်နေ့က ပြောကြားလိုက်သည်။
လွန်ခဲ့သည့် ၂ ပတ်က တာချီလိတ်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များ၊ သက်ကြီးပိုင်းအမျိုးသမီးများပါဝင်သည့် အဆိုပါအုပ်စုသည် နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲခံရနိုင်ကြောင်း အမည်မဖော်လိုသူ အဆိုပါ အရာရှိက ဆိုသည်။

မြောက်ကိုရီးယားမှ ပြေးလာသူများသည် တရုတ်ပြည်မှတဆင့်၊ မြန်မာ၊ လာအို၊ ထိုင်း စသည့် နိုင်ငံများသို့ သွားရောက်ကြောင်း၊ ထို့နောက် တောင်ကိုရီးယားသို့ရောက်ရန် ကြိုးစားကြကြောင်း တောင်ကိုရီးယားသံအရာရှိတဦးက ရှင်းပြသည်။ ဖမ်းဆီးခံသူများသည် မြန်မာပြည်တွင်းသို့ခိုးဝင်မှုဖြင့် စီရင်ချက်ခံရပါက ထောင်ဒဏ် ၂ နှစ် မှ ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မြောက်ကိုရီးယားတွင် ငတ်မွတ်ခေါင်းပါးမှု၊ အစိုးရ၏နှိပ်ကွပ်မှုများကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း အရပ်သားများ အရေအတွက် ထောင်နှင့်ချီ၍ နေရပ်ကို စွန့်စားထွက်ခွာခဲ့ကြသည်။ တောင်ကိုရီးယားတွင် မြောက်ကိုရီးယားနိုင်ငံသား တသောင်းလေးထောင်ခန့်ကို ခိုလှုံခွင့် ပေးထားသည်။

Comments