စပစ်ရစ် (လိပ်ပြာ) အမည်ရ ခေတ်ပြိုင်အနုပညာပြပွဲ ဗိဿနိုးပြခန်းမှာ ကျင်းပ
မိုးမခ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၃၊ ၂၀၀၈
ပန်းချီဆရာကြီးများဖြစ်တဲ့ ခင်မောင်(ဘဏ်)၊ ဗဂျီအောင်စိုး၊ ပေါ်ဦးသက်၊ နန်းဝေ၊ ခင်မောင်ရင်၊ တို့နှင့်အတူ ထင်ရှားတဲ့ ပန်းချီဆရာများဖြစ်တဲ့ ၀င်းမြင့်၊ မောင်ဒီ၊ ခင်ဝမ်း၊ တင်ဝင်း၊ ဖေညွန့်ဝေ၊ အောင်မြင့်၊ မသိင်္ဂီ၊ ဆန်နီညိန်း၊ ကြီးမြင့်စော၊ ၀င်းမောင် (တင်္ပ၀တီ)၊ စံမင်း၊ မင်းဝေအောင်၊ ကြည်ဝင်း၊ နန်းနန်း၊ စိုးနိုင်၊ အေးကိုနဲ့ သည်မောင်နိုင်တို့ရဲ့ အနုပညာဖန်တီးမှုများကို တင်ဆက်ခဲ့ပြီး၊ ရန်ကုန်မြို့ ဗိဿနိုး ပန်းချီခန်းမှာ ဒီဇင်ဘာ ၂၀ က ၂၂ ရက်အထိ ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံများမှာ ပန်းချီဆရာ၊ ဗိသုကာပညာရှင်၊ ရုပ်ရှင် ဒါရိုက်တာ၊ အနုပညာရှင် (ဦး) ခင်မောင်ရင်ကို တွေ့ရမှာ ဖြစ်ပါတယ်။ မြင်တွေ့ရန် ခဲယဉ်းတဲ့ ဗဂျီအောင်စိုး ကားတွေကိုလည်း တွေ့ရပါမယ်။
Comments