မန်းဝင်းမောင် အတ္ထုပ္ပတ္တိ - အပိုင်း ၂ မှတ်စုမှတ်တမ်း ဇန်န၀ါရီ ၉၊ ၂၀၀၉ ပါပါ့အဖေ ဆုံးပြီးနောက် ဘဝလမ်း ခရီးဟူသည်မှာ ပန်းခင်းထားသောလမ်းချည်း မဟုတ်ပါ။ ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသော လမ်းလည်း ရှိပါတယ်။ ပါပါသည် အဖေဆုံးပြီးနောက် ပန်းခင်းသောလမ်းပေါ်မှာ လျှောက်ရာမှ ရုတ်ချည်း ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသောလမ်းပေါ်သို့ ရောက်ရှိသွားပါတယ်။ ပါပါ့အဖေဆုံးပြီးနောက် တပတ်အကြာ ဇွန်လ ပထမပတ်မှာ ကျောင်းများ အသီးသီး ဖွင့်ပါတယ်။ ကျောင်းများဖွင့်သော်လည်း ပါပါ့ကို ကျောင်းထားမည့်သူမရှိသဖြင့် ပါပါ့ကျောင်းမသွားနိုင်တော့ပါ။ ပါပါ့ အစ်မကြီးလည်း ကျောင်းဆက်မနေနိုင်သဖြင့် မော်လမြိုင် 'အမေရိကန်ဆေးရုံမှာ သူနာပြုဆရာမ သင်တန်း လျှောက်ထားရာ ရသဖြင့် မော်လမြိုင်သို့ ထွက်ခွာသွားပါတယ်။ ပါပါ့ညီမကလေးက ရွာကျောင်းမှာပဲ ကျောင်းနေပါတယ်။ ညီလေးကတော့ ကျောင်းမနေတတ်သေးပါ။ | |
အဴပည့္အစုံသိုႛ ... |
Comments