ဦးသန့် ရာပြည့်မွေးနေ့ အင်န်အယ်ဒီအဖွဲ့ချုပ် လူငယ်များ စာဖတ်ဝိုင်း ကျင်းပခဲ့
မိုးမခ အထောက်တော် ၀၀၃
ဇန်န၀ါရီ ၂၂၊ ၂၀၀၉
ဦးသန့် ရာပြည့် အထိမ်းအမှတ် အဖြစ် အင်အယ်ဒီလူငယ်များ က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ယနေ့ နေ့လယ်က စာဖတ်ဝိုင်း ကျင်းပခဲ့သည်။ ၄င်း စာဖတ်ဝိုင်းတွင် ဆရာဦးဝင်းတင်၊ ဆရာဖျာပုံနီလုံဦး တို့က ဦးဆောင်ပြီး လူငယ်များက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြသည်
ဆရာဦးဝင်းတင် ပြန်လည် လွတ်မြောက်လာပြီးနောက် အင်န်အယ်ဒီ လူငယ်များသည် အင်အားသစ်များ ရရှိကာ စနစ်တကျ လှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်လာကြကြောင်း၊ မြန်မာပြည်၏ လူထု ထောက်ခံမှု အပြည့်အ၀ ရရှိထားသော အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုအဖြစ် ရပ်တည်ပြီး ပါတီတွင်း တည်ဆောက်မှုများ ပြုလုပ်လာသည်ကို အားရမိကြောင်း အင်န်အယ်ဒီ လူငယ်တဦးက ပြောကြားသည်။
Comments