
မြန်မာ့အလင်း (ဦး) သန်းညွန့် ကွယ်လွန်ခြင်း တလပြည့်
တာရာဝေယံ
ဇန်န၀ါရီ ၂၀၊ ၂၀၀၉
၁၉၄၆ ဗမာပြည် သတင်းထောက်များအသင်း (BRA) ကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦး ဖြစ်တဲ့ ၀ါရင့်သတင်းစာဆရာကြီး မြန်မာ့အလင်း သန်းညွန့် (၁၉၂၆ - ၂၀၀၈) ကွယ်လွန်ခဲ့တာ တလ ပြည့်ခဲ့ပါပြီ။ ဆရာ့အတွက် ကျန်ရစ်သူ မိသားစုများက ကွယ်လွန်ခြင်း တလပြည့် ဆွမ်းကျွေးအလှူကို အမှတ် ၅၂၊ က္ကုစ္ဆာသယလမ်း ပုသိမ်ညွန့်ရပ်ကွက်၊ တာမွေရှိ နေအိမ်မှာ ဇန်န၀ါရီ ၁၁ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
သံဃာတော်များနဲ့ ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တွေကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဆရာ့ကို ချစ်ခင်လေးစားကြတဲ့ နိုင်ငံရေး၊ သတင်းစာ၊ အနုပညာ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြရမှာ အန်အယ်ဒီ အဖွဲ့ချုပ် ခေါင်းဆောင်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မောင်ဝံသ၊ ဦးမောင်မောင်ခင်၊ သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးသာဘန်း နဲ့ အစရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
Comments