အိုဘားမား၏ရှေ့ရေး စံဇာဏီဘို ဟောကိန်းထုတ်ပြီ
AFP သတင်းဌာန
ဇန်န၀ါရီ ၂၀၊ ၂၀၀၉
AFP သတင်းဌာန
ဇန်န၀ါရီ ၂၀၊ ၂၀၀၉

ဗေဒပညာရှင် စံဇာဏီဘိုက "အိုဘားမားက နောက်တခေါက်ကို အရွေးခံရဦးမယ်ဗျာ၊ သိဟ်ရာသီဖွားတွေက တခြားလူတွေကို ခေါင်းဆောင်လုပ်ဖို့ မွေးလာတာပဲ။ သူ့ဇာတာကိုကြည့်လိုက်၊ ဧကရာဇ်အမှတ်အသား တွေ့ရမယ်"ဟု ပြောလိုက်သည်။ ဆရာစံဇာဏီဘိုသည် ရန်ကုန်စီးတီးအက်ဖ်အမ်ရေဒီယိုမှတဆင့် နေ့စဉ်ဟောကိန်းများ ကြေညာနေသူဖြစ်သည်။
အိုဘားမား၏ မွေးနေ့ သြဂုတ်လ ၄ ရက်နေ့သည် "နံပတ်၎ နေ့မှာ မွေးဖွားတဲ့ အိုဘားမားရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံက တိုးတက်လာမယ်"ဟု အဓိပ္ပာယ်ရကြောင်း ၎င်းက ရှင်းပြသည်။
သို့သော်လည်း နက္ခတာရာများကို ကြည့်ရှုတွက်ချက်ထားသော ဆရာစံဇာဏီဘိုက သတိထားဖွယ် တခုကို ပြောပြသည်။ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၃ ခုနှစ်များတွင် "လုပ်ကြံသတ်ဖြတ်မှုများ"နှင့် ရင်ဆိုင်ရမည်၊ သူ၏ ဇာတာအရ ထိုလုပ်ကြံမှုများ အောင်မြင်မည်မဟုတ် ဆိုသည်။
"ဒီအတိုင်း တွက်ကြည့်ရင်တော့ လုပ်ကြံဖို့ကြိုးစားတာတွေက ကျရှုံးမှာပဲ၊ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောနိုင်တယ်။ ဒါပေမယ့် သူ့ လက္ခဏာကို မကြည့်ဘဲနဲ့ သေချာပေါက်တော့ ဘယ်ပြောလို့ရမလဲ။"
သူက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တွင်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ရှိလာမည်ဟု သတိပေးလိုက်သည်။
အိုဘားမားက စစ်အစိုးရလက်အောက်မှ မြန်မာပြည်သူများကို ကူညီမည်ဟု မြင်ပါသလားဟူသော မေးခွန်းကို ဆရာစံဇာဏီဘိုက သိဟ်ရာသီ၏ ၄ ရက်နေ့တွင် မွေးဖွားသူများသည် "အားနည်းသူများဘက်မှ ရပ်တည်လေ့ရှိသည်" ဟု ဆိုသည်။
Comments