သတင်းရေးနည်း ဘီဘီစီအင်တာနက်စာမျက်နှာတွင် လေ့လာနိုင်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၂
ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉
မိုးမခအထောက်တော် အမှတ် ၀၀၂
ဖေဖော်ဝါရီ ၁၈၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJ1xBvUvwrcRFnefSOvFNFoB1OnSjeSY0HDFcCTesxbDiA5rU9LsjzVVGfpW4nBGAaPUxqHxIc0O3NP2CsBXefL1VnpfnxYIZXMcDQkHJkph0WBtM6zD6TbtZ1hIq-kUlygbLQ6UQmnM/s400/+bbc+college.jpg)
ဘီဘီစီ သတင်းပညာကောလိပ်ဟု အမည်ပေးထားသော အဆိုပါ ကဏ္ဍကို ဘီဘီစီမြန်မာပိုင်းဌာန၏ အဖွင့်စာမျက်နှာမှတဆင့် သွားရောက် ဖတ်ရှုနိုင်ပြီဖြစ်သည်။
စာနယ်ဇင်းသင်တန်းကျောင်းတခုခုသို့ တက်ရောက်ရန် အခြေအနေမပေးသည့် သတင်းပညာရပ် စိတ်ဝင်စားသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။
ကနဦးခြေလှမ်းတခုဖြစ်ပြီး ပိုမို ပြည့်စုံသည့် လမ်းညွှန်ချက်များကိုဖော်ပြမည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်ရာ သတင်းရေးနည်းမှအစ သတိထားရမည့် ဆောင်ရန် ရှောင်ရန်အချက်များ၊ အကြံပြုချက်များအထိ ပါဝင်သည်။
Comments