a burmese young man with pierced lip

သတ္တုကွင်းတပ်ယဉ်ကျေးမှု မြန်မာလူငယ်များထံတွင်လည်း တွေ့ရ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉
အောက်နှုတ်ခမ်းကို ဖောက်ပြီး သတ္တုကွင်းတပ်ထားသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သား လူငယ်တဦး။ သူနှစ်သက်သော အမေရိကန် ခေတ်ပေါ်တေးဂီတ ပညာရှင်တဦး၏ ပုံစံအတိုင်း နှုတ်ခမ်းဖောက်ပြီး အလှဆင်ထားခြင်းဖြစ်သည်ဟု အဆိုပါ လူငယ်က ရှင်းပြသည်။ ထို သတ္တုကွင်းကြောင့် အစာစားစဉ် အနှောင့်အယှက် မရှိသော်လည်း မျက်နှာ သန့်စင်သည့်အခါတွင် မျက်နှာသုတ်ပုဝါနှင့် သတ္တုကွင်း ငြိပြီး နာကျင်သောကြောင့် သတိထားရသည်ဟု ဆိုသည်။ သတ္တုကွင်းကို ဖြုတ်ပြီး သူ၏ နားပေါက်တွင် တပ်ဆင်လိုက်ခြင်းကိုလည်း စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်သည်ကို တွေ့ရသည်။ (photo: Moemaka)

Comments