မြန်မာပြည်သား ဂေးများ ပါဝင်မည့် ချင်းမိုင်မှ စီတန်းလမ်းလျှောက်ပွဲကို ဒေသခံတို့ ပိတ်ပင်
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉
ပွဲအဖျက်ခံရပြီးနောက်ပိုင်း ဂေး (လိင်တူ မြတ်နိုးသူ)တို့အကြောင်း ရှင်းပြနေသော ကိုအောင်မျိုးမင်း။ (photos: Moemaka)
ယနေ့ညနေပိုင်းက မြန်မာပြည်သားများ ပါဝင်မည့် ဂေးတို့၏ စီတန်းလမ်းလျှောက်ပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားသည့် ညဈေး (night bazzar)တ၀ိုက်တွင် အကြီးအကျယ်ပြုလုပ်ရန် စီစဉ်ထားသော်လည်း ဒေသခံအချို့၏ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ရသည်။ အဆိုပါပွဲတွင် မြန်မာပြည်မှ ဂေး ၂၀ နီးပါး ပါဝင်ဆင်နွှဲရန် ချင်းမိုင်တွင် စုဝေးခဲ့ကြကြောင်း သိရသည်။

ရာနှင့်ချီသည့် အနီရောင်ဝတ် ကန့်ကွက် ဆန္ဒပြသူများက ဂေးများ စုဝေးသည့်နေရာကို ပိတ်ဆို့ထားကြသည်။ ဂေးများ ထိုနေရာမှ ထွက်ခွာခြင်းမပြုနိုင်ရန် ၀ိုင်းထားကြသည်။ အဆိုပါ ခြံဝင်းထဲမှ ထွက်ခွာမည့် ကားထဲတွင် ဂေးများ ရှိမရှိ စစ်ဆေးပြီးမှ ထွက်ခွာခွင့် ပြုသည်။ ထိုင်းရဲတို့က ဂေးတို့ကို အကာအကွယ် ပေးထားရသည်။

အစီအစဉ်များ ဖျက်သိမ်းရပြီး ပိတ်ဆို့ခံထားရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ဂေးအချို့။
ဂေးများလှည့်လည်မည့် ညဈေးသို့ သွားရောက်ပြီး အင်အားပြနေသည့် ၀တ်စုံနီ ဆန္ဒပြသမားများ။ ဂေးပွဲတော်သည် ဒေသခံတို့၏ ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည်ဟု ၎င်းတို့က ဆိုသည်။
စီတန်းလှည့်လည်ရန် ပြင်ဆင်ထားသည့် ဂေးတို့၏ ကားတစီး။
ယမန်နှစ်က လှည့်လည်ပွဲမှာ ယခုနှစ်ကဲ့သို့ မဟုတ်ဘဲ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့သည်။

Comments