
ဆန်ဖရန် အဆန်
သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၂၀၊ ၂၀၀၉
ဂိုးဒင်းဂိတ်တံတားကြီးပေါ်မှာ
ကျနော်ကလည်း
ဖြတ်သွားဖြတ်လာ။
ရေပြာပြာ … ကျွန်းထီးထီး …
အမြီးဖွက်ထားတဲ့ သတ္တ၀ါများ။
အဲဒီ လင်းယုန်တောင်ပံ
အထက်စီးက
ငုံကြည့်လိုက်စမ်းပါ မေမေရယ်။
အမေ့ရင်ခွင်က
ဘယ်လောက် အပြောကျယ်သတဲ့ သလဲ
အဲဒီ သမုဒ္ဒရာကြီးဟာ ပစိဖိတ်တဲ့
ကျနော်တော့ ရယ်ချင်တယ် … ။ ။
၁၉ ဖေဖော်ဝါရီ၊ ၂၀၀၉
(Photo - Internet)
Comments