Aung San Suu Kyin on Poem

အောင်ဆန်းစုကြည်နဲ့ ကဗျာ

အောင်ဆန်းစုကြည်

မတ် ၂၀၊ ၂၀၀၉

(စာ ကောက်နုတ်ချက် တခုဖြစ်ပါတယ်)

လူတို့ရဲ့အတွေးအခေါ် ပညာဥာဏ် သဘောတရားကို

ဖွံ့ဖြိုးမှုကို စာပေအရေးအသားများက ရောင်ပြန်ဟပ်ပါတယ်။

ကဗျာစာပေဟာ အထူးတလည်

လူသားတို့ရဲ့ ခံစားချက်တွေကို ဖော်ထုတ်ရာမှာ

ထိရောက်မှုရှိလှပါတယ်။

ကဗျာကောင်းတွေဟာ

ကာလ ဒေသအပိုင်းအခြား

အတားအဆီးတွေကို ကျော်ဖြတ်ပြီး

လူတို့ရဲ့ နှလုံးသားတွေအကြား ပြောနိုင်တဲ့စကားလေးတွေ ဖြစ်ပါတယ်။

ဆောင်းပါးရှည်တစ်ပုဒ်နဲ့ ရှင်းပြရမယ့် ကိစ္စကို

ကဗျာ စာတစ်ကြောင်းနဲ့ ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ဖန်တီးနိုင်ပါတယ်။

ဒါကြောင့် ဆန်းကြယ်လှတဲ လူ့လောကကြီးရဲ့ အတွေ့အကြုံတွေကို

အများ သဘောပေါက်နိုင်ဖို့က ကဗျာကောင်းများက စွမ်းဆောင်နိုင်ပါတယ်။

ကဗျာရဲ့ နူးညံ့သိမ်မွေ့သော အဓိပ္ပာယ်ဖော်နိုင်စွမ်းကြောင့်

လွပ်လပ်မှု မရှိတဲ့ လူ့အသိုင်းအ၀ိုင်းတွေမှာ

ကဗျာလက်နက်ကိုသုံးပြီး

ကိုယ်ပိုင် လွတ်လပ်မှုလေးများ ရှာကြံတီထွင်ယူရတာဟာ

အဖိနှိပ်ခံလူသားအားလုံး သိကြမှာပါ။

တနည်းအားဖြင့်ဆိုရရင် …

ကဗျာဆရာ၊ ဆရာမများဟာ

ဖိနှိပ်ချုပ်ချယ်တဲ့ အာဏာပိုင်တွေနဲ့

ဉာဏ်ချင်း ပြိုင်ဖို့

အမြဲစိန်ခေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။

Comments