ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံက ပြန်ပို့
Reuters သတင်းဌာန
မတ် ၂၆၊ ၂၀၀၉
Reuters သတင်းဌာန
မတ် ၂၆၊ ၂၀၀၉
ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ဦးကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟု ယူနန်ပြည်နယ် နယ်စပ်မြို့တမြို့ရှိ ရဲအရာရှိများကို ကိုးကားပြီး China Daily သတင်းစာတွင် ယမန်နေ့က ရေးသားထားသည်။ ထိုအမျိုးသမီး ၂ ဦးသည် အသက် ၂၆ နှစ်အရွယ်ရှိကြပြီး အငှားမိခင်များအဖြစ် တရုတ်နိုင်ငံတွင် ရောင်းစားခံခဲ့ရသူများဖြစ်သည်ဟု သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြီးခဲ့သည့် ဒီဇင်ဘာတွင် ထွက်ခွာလာခဲ့ရာ Anhui ပြည်နယ်၊ Taihe မြို့ တွင် ဒေါ်လာ ၃၅၀၀ ဖြင့် ရောင်းစားခံခဲ့ရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းမှာ အလုပ်အကိုင် မက်လုံးများကြောင့် ဖြစ်ပြီး တလလျှင် ဒေါ်လာ ၈၀ ကျော် ရရှိရန် မျှော်မှန်းခဲ့ကြောင်း သိရသည်။
နောက်ဆုံးတွင် အငှားမိခင်များအဖြစ် တဦးလျှင် ဒေါ်လာ ၂၅၀ စီ ရခဲ့ကြသည်ဟု သတင်းစာတွင် ရေးသားထားသည်။ မည်သူ့ထံသို့ ရောင်းစားခံရမည်ကို မသိခဲ့ကြဟု ဆိုသည်။ ကလေးမွေးပြီးပါက နေရပ်ရင်းသို့ ပြန်နိုင်သည်ဟုသာ သိထားကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့်လကလည်း အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာရာ ဇန်န၀ါရီလတွင် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်လိုက်သည်ဟု သိရသည်။

Comments