Eain Thi's poem 01

မျိုးဆက်
အိမ်သီ (သာယာဝတီ)
မတ် ၂၂၊ ၂၀၀၉

အမေ
ရင်က အန်ချလိုက်တဲ့
သွေးစက်
အခု
ကမ္ဘာမြေ အတွက်
ကိုယ်စားပြုလျက်ပေါ့ .....

အမေ့ ကို စံထား
အို.....
သားများရဲ့
အမေတို့ 
ဂုဏ်ယူ လိုက်ကြပါ စို့  .....

သေခြင်းဆိုတာ
နိယာမ ဆိုပေမဲ့ 
မသေတဲ့ သေခြင်းနဲ့ 
လောကကို အောင်နိုင်ပြီး
သားရဲ့ 
အနားမှာ
တော်လှန်သောတေးသီချင်းတွေ
ဆိုညည်း နေအုံးမှာပါ..........။

Comments