သမ္မတဟောင်းအား ဖိနပ်ဖြင့်ပေါက်သူ လွတ်မြောက်ရေး အီရတ်တွင် တောင်းဆို
အေပီ သတင်းဌာန
မတ် ၁၃၊ ၂၀၀၉
အေပီ သတင်းဌာန
မတ် ၁၃၊ ၂၀၀၉
ရှီယတ် မွတ်စလင် ဘာသာရေး ခေါင်းဆောင်များက သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်အား ဖိနပ်ဖြင့် ပေါက်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသော အီရတ်နိုင်ငံသား စာနယ်ဇင်းသမားကို ပြန်လည် လွှတ်ပေးရန် ယနေ့ တောင်းဆိုလိုက်သည်။
ဖိနပ်ဖြင့် ပေါက်သူ Muntadhar al-Zeidi အပေါ် ထောင်ဒဉ် ချမှတ်ခြင်းသည် အမေရိကန်တို့၏ အီရတ်နိုင်ငံအား သိမ်းပိုက်ထားခြင်းကို ဆန့်ကျင်သည့် အီရတ်ပြည်သူတို့ကို စီရင်ချက်ချလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
သမ္မတဟောင်း မစ္စတာ ဘုရှ် အီရတ်နိုင်ငံသို့ သွားရောက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းသမား Muntadhar al-Zeidi က ဖိနပ်၂ဘက်ကို ချွတ်ပြီး ပစ်ပေါက်ခဲ့သည်။ ထိုအချိန်မှစပြီး အဆိုပါ သတင်းသမားမှာ အာရပ်ကမ္ဘာ၏ သူရဲကောင်းတဦး ဖြစ်သွားခဲ့သည်။
ယမန်နေ့က အဆိုပါ သတင်းသမား ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းက အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။ ၎င်း၏ နိုင်ငံကို ဖျက်ဆီးခဲ့သော စစ်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု မစ္စတာ ဘုရှ်က ပြောကြားခဲ့ခြင်းကြောင့် ဒေါသအလျောက် တုန့်ပြန်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။
တန်းတန်းမတ်မတ် ၀ဲပျံလာသော ဖိနပ်ကို သမ္မတဟောင်း ဘုရှ်က ဤသို့ ကမန်းကတန်း ငုံ့ရှောင်လိုက်သည်။ (photos: Agencies)
ဖိနပ်ဖြင့် ပေါက်သူ Muntadhar al-Zeidi အပေါ် ထောင်ဒဉ် ချမှတ်ခြင်းသည် အမေရိကန်တို့၏ အီရတ်နိုင်ငံအား သိမ်းပိုက်ထားခြင်းကို ဆန့်ကျင်သည့် အီရတ်ပြည်သူတို့ကို စီရင်ချက်ချလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
သမ္မတဟောင်း မစ္စတာ ဘုရှ် အီရတ်နိုင်ငံသို့ သွားရောက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းသမား Muntadhar al-Zeidi က ဖိနပ်၂ဘက်ကို ချွတ်ပြီး ပစ်ပေါက်ခဲ့သည်။ ထိုအချိန်မှစပြီး အဆိုပါ သတင်းသမားမှာ အာရပ်ကမ္ဘာ၏ သူရဲကောင်းတဦး ဖြစ်သွားခဲ့သည်။
ယမန်နေ့က အဆိုပါ သတင်းသမား ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။ ၎င်းက အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်။ ၎င်း၏ နိုင်ငံကို ဖျက်ဆီးခဲ့သော စစ်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု မစ္စတာ ဘုရှ်က ပြောကြားခဲ့ခြင်းကြောင့် ဒေါသအလျောက် တုန့်ပြန်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

စာနယ်ဇင်းသမား လွတ်မြောက်ရေးအတွက် အာရပ်ကမ္ဘာတွင် ဆန္ဒပြနေကြပုံများ
Comments