ဒဏ်ရာ
မိုးစဲနေ
မတ် ၂၆၊ ၂၀၀၉
အမေ
အမေ့ စံပါယ်ခင်းလေးကို
ရေကူလောင်းပေးတဲ့
လူငယ်ကလေးပဲ ဖြစ်ချင်တယ်..
တောကျောင်း မူလတန်းပြဆရာလေးဖြစ်ချင်တယ်
အမေ
ဒါပေမဲ့
ကျနော်တို့ ဒဏ်ရာတွေ ကြီးခဲ့ရတယ်..
ကျနော်တို့ကို ခွင့်လွှတ်ပါ..အမေ.
ကျနော်တို့ သွေးနဲ့ 
ကျနော်တို့ ဓါးကို သွေးခဲ့ရလို့ 
ကျနော်တို့ …
ကမ္ဘာမကြေဘူး..အမေ
(မတ် ၂၁၊ ၂၀၀၉)
Comments