Nyan Si - Myit Kyi Nar - 8

မြစ်ကြီးနား - ၈

ညံစီ

မတ် ၈၊ ၂၀၀၉

ခရမ်းချဉ်သီးတွေ ဈေးကျတယ်

လဘက်ရည် တခွက် တရာ့ငါးဆယ်

လေးဖြူ လေးသောင်းနဲ့

စတိတ်ရှိုး ဆိုကောင်းတုန်း။

ရေနံဈေး ကျတယ်

ဒေါ်လာဈေး ကျတယ်

ကားတွေ ဈေးကျတယ်

တီဗီတွေ ဈေးကျတယ်

ပရီးမီးယားလိဂ်က ကန်လို့

ကောင်းနေတုန်း။

ရေးကြပါစေ

ဂျာနယ်တွေမှာ မျက်နှားဖုံးဆောင်းပါး

တယ်ရှားနေတာကိုး။

(ဖေဖော်ဝါရီ ၁၀၊ ၂၀၀၉)

Comments