Nyan Si - Myitkyina 7

မြစ်ကြီးနား ၇

ညံစီ

မတ် ၂၊ ၂၀၀၉

ကြောက်မှန်ကြည့်သူတွေ

အုတ်ရိုး အိမ်အိုနား

ခဏ ခဏ မလာစေနဲ့ကွယ်။

ပလတ်စတစ်အပုံထဲကနေ

ခုန် ခုန် ထွက်နေရတဲ့

လမင်းခင်ဗျာ။

သူငယ်ပြန်နေတာ အကောင်းမှတ်လို့

လူအဟောင်း ရောင်းလို့ မရဘူး အန်ကယ်

စကားအပြန်အလှန် ပြောတာ

မစင်ထုပ် ရွှေချတာမှ မဟုတ်တာ

ရိပ်သာသွားတာပဲ ကောင်းပါတယ်။

နံရံတိုင်းမှာ သမိုင်းရှိတယ်

အုတ်တိုက်ထဲမှာ ဦးပဲငိုက်ငိုက်

ဦးပဲ စိုက်စိုက်

အန်ကယ်ကြိုက်ရင်တော့

ဂုစ္ဆာမလည်း ဒေ၀စ္ဆရာပါပဲ။

တောက် …

ထမင်းနဲ့ ကောက်ပေါက်လို့

နဖူးကွဲသွားမယ်။

မြေမှာကြဲတဲ့ စပါးလုံးတွေ။

(ဖေဖော်ဝါရီ ၉၊ ၂၀၀၉)

Comments