ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါပိုးကြောင့် အထိတ်တလန့်ဖြစ်
ဝင်းမြတ်
မတ် ၅၊ ၂၀၀၉
ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါဖြင့်
လွန်ခဲ့သော တပတ်ခန့်က ၁၄ နှစ် အရွယ် ကိုရင်လေးတပါး အပြင်းဖျားပြီး ဆေးရုံတင်ပို့ရာ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့
ပခုက္ကူမြို့မှ ပဲကုန်သည်တစ်ဦးက“ ကျနော်တို့မိသားစုဆရာဝန်က ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးတွေ သောက်ခိုင်းလို့ သောက်ခဲ့ရသေးတယ်။ ကျွန်တော်တို့ဆီမှာတောင် ဆေးတွေဝယ်မရလို့ ရန်ကုန်ကညီမလေးဆီကို လှမ်းမှာရတယ်။ တချို့လူတွေဆိုရင် မျက်နှာဖုံးစည်းတွေတပ်ပြီးမှ အပြင်ထွက်ကြတယ်” ဟုပြောသည်။
အရပ်သတင်းစကားများကြောင့် ယခုကဲ့သို့ တမြို့လုံး အထိတ်တလန့်ဖြစ်ခဲ့သည်ဟု မြို့ခံဆီစက်ပိုင်ရှင်တဦးက ပြောသည်။
“တကယ်က ကိုရင်လေးတပါးပဲ ဆုံးသွားတာပါ။ ဆရာဝန်တွေက ဦးနှောက်အမြှေးရောင်လို့ ယူဆရတယ်လို့ ပြောတာကနေ တမြို့လုံး ဆေးတွေဘာတွေ သောက်ဖြစ်ကုန်ကြတာ။ ကျွန်တော်တို့လည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ သောက်လိုက်ကြတာပါပဲ” ဟု အဆိုပါ ဆီစက်ပိုင်ရှင်က ပြောသည်။
ကာကွယ်ဆေးအဖြစ် စီဖရွန် ၅၀၀ မီလီဂရမ် ဆေးပြားများသောက်သုံးခဲ
ပခုက္ကူမြို့သည် ၂၀၀၇် စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေး
Comments