talk with a reader

စာဖတ်သူတဦးနဲ့ စာပေဆွေးနွေးခြင်း
မောင်စွမ်းရည်
မတ်လ ၅၊ ၂၀၀၉

စာဖတ်သူတဦးဆိုတာ အခြားလူမဟုတ်ပါဘူး။ ခင်မောင်တိုး (မိုးမိတ်)ဆိုတဲ့ ‘လူငယ်’ ကလောင်ရှင် တဦးပါ။ သူနဲ့မှ ဘာကြောင့် ဆွေးနွေးရသလဲဆိုတော့ တရပ်ကွက်တည်း အတူ နေကြတဲ့ သူချင်းဖြစ်လို့ပါ။ ဘာတွေ ဆွေးနွေးကြသလဲဆိုတော့ စာပေပြဿနာ တချို့ပါ။ ဘာဖြစ်လို့ ရေးရသလဲဆိုတော့ ကိုခင်မောင်တိုးကပဲ ‘အဲဒါကလေးတွေ ပြန်ရေးပါလား၊ မဂ္ဂဇင်းထဲ ထည့်ရအောင်’ ဆိုလို့ပါ။ ဘယ်လိုများ ဆွေးနွေးကြသလဲဆိုတော့။

ဒီလိုပါ။ သူက ဆရာမောင်ခိုင်မာရေးတဲ့ ဟိုက္ကူပုံစံ ကဗျာတွေကို ဘယ်လိုသဘော ရသလဲ တဲ့။ ဒါနဲ့ ကျနော်က ပြန်မေးမယ်။ ‘ဘာဖြစ်လို့ မေးရတာလဲ၊ ဘာပြဿနာ ရှိလို့လဲ’လို့။ ဒီတော့သူက ‘ဒီလမဂ္ဂဇင်းတခုမှာ (မဂ္ဂဇင်းနာမည် ကျနော် မေ့သွားတာကို ခွင့်လွှတ်ပါ) တယောက်က ရေးတယ်လေ။ မောင်ခိုင်မာက ဟိုက္ကူတွေကို ခိုးချတယ်ဆိုတဲ့ သဘောပေါ့။ ဖိနပ်နဲ့ ခြေထောက် မကိုက်တာနဲ့ ဖနှောင့်လှီးပစ်တယ် တဲ့’။

Comments