Thit Kaung Eain - Once Upon A Poem

သက်ကယ်ရိတ်ဖို့ သွားခဲ့တယ်

သစ်ကောင်းအိမ်

မတ် ၂၃၊ ၂၀၀၉

ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး

ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး

တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ

အလင်းနို့မစို့ရလို့

လင်းနို့အဖြစ်နဲ့သာကျေနပ်နေရ

ညပြက်ကြီး…..

တောတိုးသွားတဲ့ ကြောင်

တောကြောင် ပြန်ဖြစ်ခဲ့

မနက်ဖြန်ဆို

ဒလဘက်ကမ်းက

လဒတွေ ပျံသန်းလာတော့မယ်။ ။

(၁၁ရက် ၊ မတ်လ၊ ၂၀၀၉)

Comments

MoeGyoThan said…
၂၀၀၉ထဲမှာ သိသိသာသာရွှေ့လာသော
သစ်ကောင်းအိမ် ကဗျာ အရွှေ့ကိုတွေ့
ရသဖြင့်အထူးအားရကျေနပ်မျော်လင့်မိပါကြောင်း
ပန်းချိထိန်လင်း