အကျဉ်းသားအားလုံးလွတ်သင့်ပြီဟု ကုသလမဂ္ဂ အရာရှိ ပြောဆို
အေပီ သတင်းဌာန
မတ် ၁၆၊ ၂၀၀၉

ကုသလမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတဦးက လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်လိုက်ရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။
သောမတ်စ် အိုဟေး ကင်တားနားက မြန်မာပြည်တွင် အကျဉ်းသား ၂၁၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။
စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများအနက် အသက်အရွယ်ကြီးရင့်နေသူများ၊ ကျန်းမာရေး ချို့ယွင်းနေသူများကို ဦးစွာ လွှတ်ပေးသင့်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းသည့် သူ၏ အစီရင်ခံစာတွင် ရေးသားထားသည်။
ချုပ်နှောင်ခံထားရသူများတွင် နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။ ဒေါ်စုသည် တရားစီရင်မှု မရှိဘဲ ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ ထိန်းသိမ်းခံထားရသူဖြစ်သည်။ သူ၏ ဘက်တော်သားများက ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသည်။
အစီရင်ခံစာတွင် တရားစီရင်ရေးစနစ်ကို ပြန်သုံးသပ်ရန် အကြံပြုထားသည်။ ပုဒ်မပေါင်း ၃၈၀ ကို ပြန်သုံးသပ်ရန်၊ အသက်မပြည့်သူများကို စစ်တပ်တွင် ခိုင်းစေခြင်း၊ မြေမြှုပ်မိုင်း အသုံးပြုခြင်း၊ လုပ်အားပေး ဖိတ်ခေါ် ခိုင်းစေခြင်း တို့ကို အဆုံးသတ်ရန်လည်း တိုက်တွန်းထားသည်။
ကင်တားနား၏ အစီရင်ခံချက်ကို လူ့အခွင့်အရေး ကောင်စီက လာမည့် တနင်္လာနေ့တွင် သုံးသပ်ဆွေးနွေးမည်ဟု ဆိုသည်။

Comments