accidents in new year festival



သင်္ကြန်အတွင်း သေဆုံးမှု၊ ဒဏ်ရာရမှု ယခင်ကထက် များပြားဟု ဂျာနယ်တစောင်တွင် ဖော်ပြ
မိုးမခ အထောက်တော် ၀၀၈
ဧပြီ ၂၄၊ ၂၀၀၉


ယခုနှစ် သင်္ကြန်ကာလအတွင်း သေဆုံးမှု၊ ဒဏ်ရာရမှု နှုန်းသည် ယခင်နှစ်များထက် ပိုမို များပြားသည်ဟု ယနေ့ထုတ် Biweekly ဂျာနယ်တွင် ဖော်ပြထားသည်။

ယခုလ ၁၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင်မူ သေဆုံး ဒဏ်ရာရနှုန်း နည်းပါးလာကြောင်း၊ “ယဉ်ကျေး သိမ်မွေ့စွာ မြန်မာ့ရိုးရာ သင်္ကြန်ကို စည်းကမ်းတကျ ဆင်နွှဲခဲ့ကြသဖြင့်” နည်းပါးရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဂျာနယ် နှင့် သတင်းစာတို့တွင် သေဆုံးသူ အရေအတွက်ကို ၅ ဦး ဟု ဖော်ပြကြသည်။

Comments