Aung Way - Forever Padauk

ရိုးမြေကျ ပိတောက်
အောင်ဝေး

ဧပြီ ၁၅၊ ၂၀၀၉

ဖွင့် လိုက်တယ်
ပြတင်းပေါက်တစ်ခုလုံး ၀ါထိန်သွားရော …
ရထားတစင်းလုံး
ဟယ်လင်မင်းသမီးတွေချည်း ပါသွားသလို …
လှလိုက်တာ
ဘူတာရုံကလေးရှေ့
စစ်ကြီးထဲ စက်ခေါင်းတွေ အဖေမောင်းနေတုန်းပေါ့ 
အမေ စိုက်ခဲ့ တယ်လေ။ ။

(၁၉၉၆)

Comments