ဘန်ကောက်မြို့ သင်္ကြန် ပထမနေ့ မြင်ကွင်း
ဆန္ဒပြသူများက လမ်းကို ဘတ်စ်ကားများဖြင့် ကန့်လတ်ဖြတ် ပိတ်ပြီး ကားတချို့ကို မီးရှို့ခဲ့ကြသည်။
ဘန်ကောက်တွင် သင်္ကြန်ပွဲထက် ဆန္ဒပြပွဲ လူ ပိုများ
ဓာတ်ပုံသတင်း
ဧပြီ ၁၃၊ ၂၀၀၉
ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ သင်္ကြန်ပွဲတော် အချိန် ရောက်နေသော်လည်း ရပ်နားခြင်း မရှိသေးပေ။ ဆန္ဒပြသူများက ပြည်ပသို့ တိမ်းရှောင်သွားသော ၀န်ကြီးချုပ်ဟောင်း၏ ဘက်တော်သားများဖြစ်သည်။ ၎င်းတို့က လက်ရှိအစိုးရ မပြုတ်ကျမချင်း ဆန္ဒပြကြမည်ဟု ဆိုသည်။ အစိုးရက ဘန်ကောက်အပါအ၀င် ခရိုင် ၅ ခုကို အရေးပေါ်အခြေအနေ ကြေညာထားပြီး စစ်တပ် ချထားလိုက်သည်။ ထိုဒေသများတွင် အကြီးအကျယ် ဆင်နွဲရန် ပြင်ဆင်ထားသည့် ရေသဘင်ပွဲတော်များ ခြောက်ကပ်ကပ် ဖြစ်သွားရသည်။

Comments