Burmese in Japan produced "Mingalar Doe" Thangyat for 2009

ဂျပန်ရောက် မြန်မာများရဲ့ မင်္ဂလာဒိုးအဖွဲ့ ၂၀၀၉ သံချပ်ထုတ်ဝေ

မိုးမခ အထောက်တော် ၀၀၇

ဧပြီ ၆၊ ၂၀၀၉

ဂျပန်ပြည်ရောက် မြန်မာများနှင့် ဖွဲ့စည်းထားတဲ့ မင်္ဂလာဒိုးအဖွဲ့က ဒီနှစ်မှာလည်း ရဲရဲတောက်တေးသံချပ်များကို ထုတ်ဝေဖြန့်ချိလိုက်တယ်လို့ ဆိုပါတယ်။ မင်္ဂလာဒိုးအဖွဲ့ဟာ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်များမှာ တေးသံချပ်များကို သီဆိုတီးမှုတ်ဖြော်ဖြေခဲ့ပြီး၊ ၂၀၀၈ မှာတော့ ဂျပန်ပြည်ကို လာရောက် ကပြတဲ့ သီးလေးသီးနဲ့ ဆေးရောင်စုံအဖွဲ့ကို နောက်ခံ တေးဂီတနဲ့ ကူညီတင်ဆက်ပေးတာကို တွေ့ခဲ့ရပါတယ်။ ယခု ၂၀၀၉ ဧပြီ ၁၂ မှာ ဂျပန်ပြည်ရောက် မြန်မာတွေ ဆင်နွှဲကြမယ့် သင်္ကြန်ပွဲအမီ ၂၀၀၉ ရဲရဲတောက် တေးသံချပ်အယ်ဘန်ကို ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာမှာလည်း သွားရောက် အားပေးနိုင်တယ်လို့ ဂျပန်ပြည်က မင်္ဂလာဒိုးအဖွဲ့က ကိုထွန်းဝေက မိုးမခကို ပြောကြားပါတယ်။ http://mingalardoe.homeip.net/ မှာ သွားလည်ပါ။

Comments