Burmese in N.Corolina collecting Signature to free Prisoners

ဧပြီ ၂၂ မြောက်ကိုရိုလိုင်းနားတက္ကသိုလ်မှာ မြန်မာတွေ လက်မှတ်စုဆောင်း

မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၂၃၊ ၂၀၀၉

ယခုဆောင်ရွက်နေတဲ့ နိုင်ငံတကာကင်ပိန်းလှုပ်ရှားမှုတခုဖြစ်တဲ့ မြန်မာနိုင်ငံအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးတောင်းဆိုမှုအတွက် ထိုဒေသရောက် မြန်မာအရေးလှုပ်ရှားသူများက ဒေသခံတို့အား ရှင်းပြခြင်း၊ လက်မှတ်ရေးထိုးရန် မေတ္တာရပ်ခံခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ လက်မှတ်ပေါင်း ၈၀၀ ကျော်ရခဲ့တယ်လို့ ဆိုပါတယ်။ အချုပ်နှောင်ခံ နိုင်ငံရေးအကျဉ်းသားများအဖြစ် သရုပ်ပြတင်ဆက်မှုကို ကိုသောင်းထိုက်၊ ကိုဇော်သိမ်း နဲ့ ကိုဇော်ဝင်းတင့်တို့က တင်ဆက်ပါတယ်။ ၁၉၉၀ သံဃာသပိတ်မှောက်ကံဆောင်မှုမှာ ထောင်သွင်းအကျဉ်းခံခဲ့ရတဲ့ ဆရာတော်ဦးအဂ္ဂဓမ္မကလည်း ကြွရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။ (ဓာတ်ပုံ - သစ်ကောင်းအိမ်မှတဆင့် အိုးဝေ ၈၈၈၈)

Comments