Mann Win Maung - Biography of Burmese President - 13

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၃
မှတ်စုမှတ်တမ်း
ဧပြီ ၁၀၊ ၂၀၀၉

ကာလကတ္တားမှ ရှေ့သို့

လေထီးဖြင့်ခုန်ဆင်း လေ့ကျင့်ခန်းပြီးဆုံးသောအခါ ကာလကတ္တား သို့ ပြန်သွားပါတယ်။ ဦးသိန်းဖေအဖွဲ့နှင့် ဆက်သွယ်ထားသော အင်္ဂလိပ်စစ်တပ်သည် အဖွဲ့ ၁၃၆ လို့ ခေါ်ပါတယ်။ ကာလကတ္တားသို့ ပြန်ရောက်ပြီး၊ နောက်တစ်နေ့မှာ ပါပါ 'အဖွဲ့-၁၃၆' သို့ သွားပြီး ဗမာပြည်မှာ လေထီးဖြင့် ပြန်ဆင်းရန် အစီအစဉ်များကို ပြုလုပ်ရပါတယ်။ ပါပါလေထီးဆင်းလေ့ကျင့်စဉ် အသုံးပြုသော လေထီးသည် သာမန်အရွယ်ဖြစ်၍ ပါပါ့ကိုယ် အလေးချိန်ကြောင့် အရွယ်ကြီးသော လေထီးရှိကြောင်း၊ ပါပါအလိုရှိလျှင်မှာ ပေးမည်ဖြစ်ကြောင်း 'အဖွဲ့ - ၁၃၆' မှ တာဝန်ရှိ စစ်ဗိုလ်က ပြောသောအခါ ပါပါက လေထီးဆင်းလေ့ကျင့်စဉ် ချောချောမောမော ပြီး သွားပါသဖြင့် သာမန်လေထီးပဲ သုံးမည်ဟု ပြန်ပြောပါတယ်။

အဴပည့္အစုံသိုႛ ...

Comments