News Headlines from April Journals - 9th April 2009

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ

ဂျာနယ်ဂြိုလ် သာဂိ

ဧပြီ ၉၊ ၂၀၀၉

မေခနဲ့ မေလိခမှာ ရေအားလျှပ်စစ်စီမံကိန်း သဘောတူပြီ။ ဗိုလ်တထောင် လမ်းသွယ် ၄ အလောင်း ၂ လောင်းတွေ့။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါတီနိုင်ငံရေးစာမျက်နှာ ဖွင့်လှစ်။ မန္တလေးမှာ မြို့တော်ဝန်ကလွဲ၍ ကျန်မဏ္ဍပ်များ ညနေ ၆ နာရီအထိသာ ဖျော်ဖြေရမည်။ စင်္ကာပူတွင် ပြန်သိမ်းသည့် ကုန်များတွင် လက်ဖက်များအပြင် လက်ဖက်“ခြောက်” တံဆိပ် ၂ မျိုးပါ - စိုးဝင်းနဲ့ ဦးကာကတံဆိပ် ၂ ခု ပါသည်။ ၂၀၀၈ - ၂၀၀၉ မြန်မာပြည်မှာ တဦးချင်းဝင်ငွေ တနှစ် ၅ သိန်း ရှိသည်ဟု ၀န်ကြီးချုပ်က ဆိုသည် (ဒေါ်လာပေါက်ဈေးအရ ဒေါ်လာ ၅၀၀ ခန့်ရှိ)။ ၂၀၀၇ - ၂၀၀၈ က ၄ သိန်း ၅ သောင်း ၈ ထောင် မှ ၂၀၀၈ - ၂၀၀၉ တွင် ၄ သိန်း ၉ သောင်း ၈ ထောင် အထိ တိုး သည်တဲ့။ ရန်ကုန်တိုင်း လမ်းတံတားလေလံ သိန်း ၂ သောင်း။ တားမြစ်ဆိုးဆေး သုံးစွဲရောင်းချသူများကို ထောင်ဒဏ်ချမည်။ ဒီနေရာမှာ ဖတ်ပါ့။

Comments