The Passing of Ludu Daw AMar 1 Year Anniversary held with Food Charity

လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်

သီလရှင်အပါးလေးရာအား သကျသီဟ ဘုရားတွင်ဆွမ်းကျွေး

ညွန့်သက်ထားဦး (Freedom News Group)၊ မန္တလေး

ဧပြီ ၇၊ ၂၀၀၉

၂၀၀၈ ခုနှစ် ဧပြီလ ၇ က ကွယ်လွန်ခဲ့သည့် ၀ါရင့်သတင်းစာဆရာမကြီး လူထုဒေါ်အမာ၏ ကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနားကို မန္တလေးရှိ ဆရာမကြီး၏သားသမီးမြေးများနှင့် တပည့်များက စုပေါင်းကျင်းပကြရာ ရန်ကုန်နှင့် မန္တလေးရှိ စာနယ်ဇင်းနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

မန္တလေးမြို့ သကျသီဟဘုရားတွင် သီလရှင်အပါး ၄၀၀ အားဆွမ်းကျွေးခြင်း၊ ဘုန်းကြီး ၁၀ ပါးကို နေ့ဆွမ်းကပ်ခြင်း၊ လူပေါင်း ၁၀၀ ကျော်အား လူထုစာကြည့်တိုက်တွင် အဟာရ ဒါနပြုလုပ်ခဲ့ခြင်းများ ရှိသည်ဟု သတင်းရရှိသည်။

ဆရာမကြီး၏ နှစ်ပတ်လည်အလှူဒါနပွဲသို့ ရောက်ရှိသူတဦးက

“တကယ့်ဒါနအစစ်ပဲ ဗျ။ အလှုကို လာစားတဲ့သူတွေ တိုးမပေါက်ဘူး။ ဆရာမကြီးကို ကြည်ညိုတဲ့သူတွေလည်း နယ်ဝေးကနေတောင် လာကြတယ်။”

ဟု Freedom News Group သို့ ပြောသည်။

Comments