Phyar Pon Ni Lon Oo - Daw Suu Poem

အကျဉ်းစံ လူထုခေါင်းဆောင်ရဲ့ အနာဂတ်အလင်းသစ်

ဖျာပုံ နီလုံဦး

ဧပြီ ၈၊ ၂၀၀၉

ခြံဝန်းကြီးတစ်ဝန်းထဲမှာ

အိမ်အိုကြီးတစ်အိမ်ထဲမှာ

အထီးကျန်စွာ နေခဲ့ရတဲ့ နှစ်ပေါင်း

၁၃ နှစ်ကြာခဲ့ပြီ။

အင်းယားကန်စောင်းက

လှိုင်းကြက်ခွပ်သံလေးတွေဟာ

သူမရဲ့ အဖော်ဆိုလည်း ဟုတ်တယ်

သူမရဲ့ အတွေးဆိုလည်း ဟုတ်တယ်

သူမရဲ့ ငြိမ်းချမ်းမှုဆိုလည်း ဖြစ်တယ်။

အင်းယားကန်စောင်းက

သစ်ရွက်ခတ်သံလေးတွေဟာ

သူမရဲ့ကဗျာဆိုလည်း ဟုတ်တယ်

သူမရဲ့ ဂီတဆိုလည်း ဟုတ်တယ်

သူမရဲ့ ခွန်အားဆိုလည်း ဟုတ်တယ်။

အရုဏ်ဦးက

အင်းယားကန်စောင်းကို ဖြတ်ကျော်လာတဲ့

နံနက်ခင်းရဲ့ လေပြေလေညှင်းဟာလည်း

သူမရဲ့ နှလုံးသားကို အေးမြစေတယ်

သူမရဲ့ ရင်ကို ရွှင်လန်းစေတယ်

သူမရဲ့ စိတ်ဓာတ်ကို တက်ြ<ွကစေတယ်

သူမရဲ့ အားမာန်ကို ရဲသစ်စေတယ်။

အရုဏ်ဦးမှာ

သူမရဲ့ ခြံဝန်းထဲက ချိုးငှက်တေးသံဟာ

သူမရဲ့ ပစ္စုပ္ပန်အတွက်. . .

သော့တစ်ချောင်းဖြစ်တယ်

သူမရဲ့ အနာဂတ်အတွက်. . .

အလင်းရောင်ဖြစ်တယ်

သူမရဲ့ မျှော်လင့်ယုံကြည်မှုအတွက်

ငြိမ်းချမ်းရေးနိမိတ်ပုံ တေးလင်္ကာဖြစ်တယ်။

သူမရဲ့ ပစ္စုပ္ပန်ဟာ

ပြည်သူတွေ အတွက်ဖြစ်တယ်

သူမရဲ့ အနာဂတ်ဟာ

တိုင်းပြည်အတွက်ဖြစ်တယ်

သူမရဲ့ မျှော်လင့်ယုံကြည်မှုဟာလည်း

လွတ်လပ်မှု. . တရားမျှတမှု. .

ငြိမ်းချမ်းမှုပဲ ဖြစ်တယ်. . .။

သူမရဲ့ စွန့်လွှတ် အနစ်နာခံမှု

ပေးဆပ်မှုတွေဟာ

လူသားအားလုံးအတွက်

ဒီမိုကရေစီရေး

လူ့အခွင့်ရေး

ငြိမ်းချမ်းရေး တေးသံပဲဖြစ်တယ်။

သူမရဲ့ ဇာမဏီငှက်လို

စူးရှဝင်းလက်တဲ့ မျက်လုံးတွေဟာ

မြန်မာနိုင်ငံရဲ့ တံခါးကိုလည်း

ဖွင်ကြည့်တယ်

အာဆီယံနိုင်ငံကိုလည်း ကြည့်တယ်

တောင်အာရှနိုင်ငံတွေကိုလည်း

ကြည့်တယ်

အနောက်ဥရောပနိုင်ငံတွေကိုလည်းကြည့်တယ်

လက်တင်အမေရိကနိုင်ငံတွေကိုလည်းကြည့်တယ်

အာဖရိက နိုင်ငံတွေကိုလည်း ကြည့်တယ်

အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုလည်း ကြည့်တယ်။

ကမ္ဘာ့ပြည်သူ့အားလုံးရဲ့ ရင်ဖွင့်သံတွေဟာ

နိုင်ငံတကာကို တုန်လှုပ် ချောက်ချားစေပြီး

မြန်မာနိုင်ငံရဲ့ ထောင်နံရံ တံခါးတွေကိုဖွင့်ဖို့

ညာသံပေးနေကြပြီ. ... စိမ်ခေါ်နေကြပြီ။

သူမဟာ အထီးကျန်စွာနဲ့ ည၊ ညတွေမှာ

တိုက်ပွဲခေါ်သံ ကဗျာတွေဖွဲ့နေပြီလား

ကမာ့လူသား အားလုံးရဲ့ စိမ်ခေါ်သံ

ငြိမ်းချမ်းရေး တေးသီးချင်းများကို ရွတ်ဆိုနေပြီလား။

မကြာမီ …

သူမရဲ့ ခြံဝန်းကြီးနဲ့ အိမ်အိုကြီးဟာ

သစ်လွင်လှပတဲ့ ငြိမ်းချမ်းရေး မီးအိမ်တွေနဲ့

လင်းထိန်တောက်ပလာတော့မယ်လို့

တို့ယုံကြည်တယ်၊ တို့မျှော်လင့်တယ်။

သူမဟာ.. အနာဂတ်မြန်မာနိုင်ငံရဲ့

မီးရှူးတန်ဆောင်ဖြစ်တယ်။

(အဖွဲ့ချုပ်ရုံးအမျိုးသားအောင်ပွဲနေ့ နံရံကပ်စာစောင်မှ. .)

Comments