ပိတောက်စိမ်း
သစ်ကောင်းအိမ်
ဧပြီ ၁၀၊ ၂၀၀၉
ကယ်လီဖိုးနီးယားရဲ့
ပူနွေးသော နေရောင်အောက်မှာ
ပိတောက်နာကျတဲ့ နေ့ကပေါ့ …
ရေမပက်တဲ့ အပျိုတွေ
အလိပ်ထဲမှာ မုဆိုးဖိုနဲ့ ညားနေတယ် …
မြနန္ဒာလေ ညိုညိုရစ်ကာ သန်းတော့ …
အလိပ်ထဲမှာ မန်းတောင်ရိပ် ခိုနေတယ် …
င၀န်မြစ်ထဲက ရေချိုးပြီး တက်လာတဲ့
ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်း လမ်းမကြီးေ
ဂျစ်ကားတစင်းနဲ့ ရေပက်ခံထွက်ေ
သင်္ကြန်မဏ္ဍပ်တွေမှာ
သံချပ်တွေ လိုက်ကြည့်နေတယ်။
ဆူရှီဘားထဲ
အမှတ် ၁ အထကကျောင်း အလံတိုင်မှာ
ခွပ်ဒေါင်းအလံ တလူလူ လွှင့်နေတယ်။
ကိုရွှေသိမ်းမင်းရဲ့ "မင်းရဲ့ချစ်ခြင်းမဲ့လူ” ၀တ္တုထဲမှာ
ဆုဝေအတွက် ပိတောက်တွေ ပွင့်နေတယ်။
ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ ၀င်းပလို့
စန္ဒယားဆရာလေး ကိုငြိမ်းမောင်က
ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြား
ဆူရှီဘားထဲ
၁၀ ကြိမ်မြောက် သင်္ကြန်မိုးရုပ်ရှင် ကြည့်နေတယ်။
လောကကို ထိုးပက်ဖို့
သားလက်က ရေပြွတ်ကလေး
ရေစုပ်ပေးနေတယ်။
အမေ့ကိုလည်း
တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ေ
ဆူရှီဘားထဲ
ပြည်လှဖေက
ကိုယ်တိုင် လှရာရာ ရွေးလို့ရယ် …
ပန်မပေးရ ဆံမြညှာ ကေနေတယ်။
ကယောမလေးက
ဂစ်တာတီးပြီး ကိုယ့်ကို သီချင်းတွေဆိုပြနေတယ်။
ခုလို နှစ်သစ်ကူး အခါသမယမှာ
ဂျီ ၂၀ အစည်းအဝေးကို
နား စွင့်နေတယ်။
မြန်မာ့အရေး စောင့်ကြည့်လေ့လာသူေ
ပြန်ပြီး စောင့်ကြည့် လေ့လာနေမိ
ကယ်လီဖိုးနီယားရဲ့ ပူနွေးတဲ့ နေေ
ပိတောက်နာ ကျတဲ့ နေ့ကပေါ့ …
ဆူရှီဘားထဲ
ဓားတလက်နဲ့ ရေပက်တမ်း ကစားရင်း
အတာရေ မစိုမှာ စိုးလို့
ရေချိုးခန်းထဲ ၀င်ပြီး
ကိုယ်ကိုယ်ကို ရေလောင်းချိုးနေမိ
(၈ ဧပြီ ၂၀၀၉)
Comments