Dagon Tar Yar at 90 - His Words

၉၀ ပြည့် ဒဂုန်တာရာ ရဲ့ မွေးနေ့စကား - ကျနော်တို့တတွေအချင်းချင်းမှာ ရန်သူမရှိ မိတ်ဆွေသာရှိ၊ ညီညွတ်ရေး တည်ဆောက်ကြ၊ ငြိမ်းချမ်းရေး၊ လုံးဝလွတ်လပ်ရေးသို့ ဆောင်ရွက်ကြဟု ထပ်လောင်းပြော

မိုးမခ အထောက်တော် ၀၀၅

မေ ၁၅၊ ၂၀၀၉

(အသက် ၉၀ ပြည့် ဒဂုန်တာရာရဲ့ မွေးနေ့စကား ရုပ်သံကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်)

၂၀၀၉ မေ ၉ မှာ အသက် ၉၀ ပြည့်ခဲ့ပြီဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာရဲ့ မွေးနေ့ကို ၎င်းရဲ့ ချစ်ခင်လေးစားသော မိတ်ဆွေများ၊ ရဲဘော်များနဲ့ စာပေ၊ အနုပညာနဲ့ နိုင်ငံရေးနယ်ပယ်က မိသားစုများက ၀ိုင်းဝန်းကျင်းပခဲ့ကြရာမှာ ဆရာက ၎င်းရဲ့ ယုံကြည်ချက်ဖြစ်တဲ့ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိဆိုတဲ့ ယုံကြည်ချက်ကို အကျယ်တ၀င့် ထပ်မံရှင်းလင်းသွားပါတယ်။

ဆရာက သူဖြတ်သန်းခဲ့ရတဲ့ ခေတ် ၃ ခေတ်၊ ၁၉၄၈ မတိုင်မီ ဂန္ထ၀င်နယ်ချဲ့ခေတ်၊ ၁၉၆၂ မတိုင်မီ ဖူးပွင့်စ ဒီမိုကရေစီခေတ်၊ ၁၉၆၂ နောက်ပိုင်း ယခုလက်ရှိကြုံတွေ့နေရတဲ့ ခေတ်အသီးသီးမှာ ၎င်းအတွေ့အကြုံ၊ ခံစားချက်များအရ မိမိတို့အချင်းချင်း ရန်သူမရှိ၊ မိတ်ဆွေသာ ရှိရမယ်လို့ ပြောလိုကြောင်း၊ သို့မှသာ ညီညွတ်ရေးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုံးဝလွတ်လပ်ရေး၊ အားလုံးသာတူညီမျှတဲ့ လွတ်လပ်ရေးကို အရယူနိုင်ကြမှာ ဖြစ်ကြောင်း ပြောကြားသွားတာ တွေ့ရပါတယ်။

၂၀၀၈ လွတ်လပ်ရေးနေ့ မိတ်ဆွေများနဲ့ ညစာစားပွဲမှာလည်း အထက်ပါအတိုင်း ဆရာက ပြောကြားခဲ့ဖူးပါတယ်။

Comments