Daw Suu to be tried

ဒေါ်စုကို အင်းစိန်ထောင်တွင်း တရားရုံးသို့ ပို့ဆောင်
AFP သတင်းဌာန
မေ ၁၄၊ ၂၀၀၉

ဒေါ်စုကို တင်ဆောင်လာသော ယာဉ်တန်း အင်းစိန်ထောင်အနီးသို့ ရောက်ရှိလာစဉ် (photo: getty images)

အာဏာပိုင်တို့က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက်ပိုင်းက အကျဉ်းထောင်သို့ ခေါ်သွားကြောင်း၊ သူ၏ နေအိမ်အတွင်းသို့ ခိုးဝင်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း သိရသည်။


ဒေါ်စု နှင့် အတူနေထိုင်ကူနေသော အမျိုးသမီး ၂ ဦး တို့ကို အင်းစိန်ထောင်တွင်း တရားရုံးတွင် ရုံးထုတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ အရာရှိ ဦးဉာဏ်ဝင်းက ပြောသည်။ မည်သည့် စွဲချက်များ တင်မည်ကို မသိရသေးဟု ဆိုသည်။

ဒေါ်စုသည် အထိန်းသိမ်းခံနေရသည်မှာ ၆ နှစ်ပြည့်ရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်တွင် ဤအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဒေါ်စု၏ ရှေ့နေ ဦးကြည်ဝင်းက ယနေ့ အမှု စတင် စစ်ဆေးကြားနာသည့်အခါ ဒေါ်စုဘက်မှ ခုခံချေပနိုင်ရေးအတွက် အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ရပြီးဖြစ်သည်ဟု သိရသည်။

“ကျနော် အခု အင်းစိန်ထောင်ကို သွားမယ်။ ဘာအမှုတွေနဲ့ စွဲမယ်ဆိုတာတော့ မသိဘူး။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးမှာပါ” ဟု ဦးကြည်ဝင်းက AFP သတင်းဌာနကို ပြောသည်။

“ဒေါ်စုကို အိမ်ပြန်ပို့မယ့်ပုံတော့ မပေါ်ဘူး” ဟု ဦးကြည်ဝင်းက ပြောသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် US US Campaign for Burma အဖွဲ့မှ ကိုအောင်ဒင်က “ဒေါ်အောင်ဆန်းစုကြည်ကို ၆ နှစ်အထိ ထိန်းသိမ်းထားလို့ ရတယ်ဆိုပြီး အာဏာပိုင်တွေက ပြောတယ်၊ အခု ဆက်ပြီး ဖမ်းထားဖို့ ပြင်ဆင်နေတယ်ဆိုတော့ ဒါက စစ်အုပ်စုရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

Comments