
Praying for blessing at the Zay Ta Wun monastery in Fortwayne

Accepting well-wish and blessing from residing monk
မြန်မာ ၆ ဦး အမေရိကန်၊ အင်ဒီယာနာ၊ ဖို့ဝိန်းမြို့က မိုင် ၉၀၀ ခရီးရှည် လမ်းလျောက်ချီတက် ဆန္ဒထုတ်ဖော်မည်
မိုးမခ အထောက်တော် ၀၀၂၊ ဓာတ်ပုံ - ခင်မောင်လေး
မေ ၂၈၊ ၂၀၀၉
ယမန်နေ့က အမေရိကန်ပြည်၊ အင်ဒီယာနားနယ်၊ ဖို့ဝိန်းမြို့တွင် မြန်မာလူငယ် ၆ ဦး စုစည်းကြပြီး နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ထိ အရောက် မိုင် ၉၀၀ ခရီးရှည်လမ်းလျောက်ချီတက်ရန် စတင်ထွက်ခွာလာပြီဟု သိရသည်။

Before the 900 miles long march - a group photo

Starting out the 900 miles long march to free Burma and Daw Aung San Suu Kyi
မြန်မာပြည်နှင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို ရည်စူးပြီး ခရီးရှည်ချီတက်ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ၁၉၉၀ ရွေးကောက်ပွဲ ၁၉ နှစ်ပတ်လည်နေ့တွင် စတင်ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် နယူးယောက် ကုလရုးံချုပ်ရှေ့၌ အဆုံးသတ်မည်။ ထိုနောက် စက်တင်ဘာ ၂၇ အထိ အစာငတ်ခံ ဆန္ဒပြကြမည်ဟု သိရသည်။

900 miles start with this first step
၎င်းတို့ ခရီးစဉ်ကို http://longmarchforburma.blogspot.com/ တွင် အချိန်နှင့်အမျှ တင်ဆက် ပြန်ကြားသွားမည်ဟု ဆိုသည်။ မိုင် ၉၀၀ ခရီးရှည် ချီတက်မည့်သူများကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ရဲဘော်၊ မင်းရွှေဦး (ခေါ်) ချစ်လွန်းသူ - အဖဦးသန်းရွှေ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) တပ်ရင်း (၂၀၈) (ABSDF) ရဲဘော်ဟောင်းနှင့် အမိဒေါ်စိန်စိန်တို့၏ သားဦး၊ မွန်ပြည်နယ် သထုံမြို့  တွင် ဇွန်လ၊ ၂၇ ရက်၊ ၁၉၈၅ တွင် မွေးဖွားခဲ့ပါသည်။
ရဲဘော် ကဘောယူ - ရဲဘော် ကဘောယူ သည် အသက် ၂၂ သာ ရှိပြီး ဖခင်မှာ လက်ရှိ တော်လှန်ရေး တာဝန်ကို ထမ်းဆောင်နေပါသည်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် မွေးဖွားပြီး ငယ်စဉ်ကပင် မဲလ refugee စခန်းထဲတွင် ကြီးပြင်းခဲ့ပါသည်၊ တော်လှန်ရေး အသိုင်းအ၀ိုင်း မိသားစု တွင်ကြီးပြင်းလာသောကြောင့် တိုင်းပြည်ချစ်စိတ်နှင့် ယခုလို ခရီးရှည် ချီတက်ပွဲသို့ လိုက်ပါရခြင်းဖြစ်ပါသည်။ ယခုအခါ အမေရိကန် ပြည်ထောင်စု Tennessee ပြည်နယ်တွင် အခြေချ နေထိုင်လျှက် ရှိပါသည်။
ရဲဘော် ကျော်ရှိန် အသက် ၅၇ နှစ် - ရဲဘော်ကျော်ရှိန်သည် တနင်္သာရီတိုင်း ပုလောမြို့ မှ ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ရင်း (၂၀၁) သို့ ၀င်ရောက်လာပြီး တပ်ကြပ်တာဝန်အထိ ထမ်းဆောင်ကာ အမိမြေ လွတ်မြောက်ရေး အတွက် ယနေ့ထိတိုင်အောင် ကြိုးပမ်းနေဆဲပါ။
ရဲဘော် စောငို - ၈၈၈၈ လေးလုံး အရေးတော်ပုံ ကြီးတွင်၊ ပုလောမြို့နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ၌ ပါဝင်လှုပ်ရှားခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်လွတ်မြောက်ရေးအတွက် ခရီးရှည် ချီတက်ခြင်းများတွင် ပါဝင်ခဲ့သည်။
ရဲဘော် မောင်မောင်တိတ် - အသက် ၅၅ နှစ် ၁၉၈၈ ၈လေးလုံး အရေးတော်ပုံ ကြီးတွင် မော်လမြိုင်မြို့ အမှတ် (၁) နယ်မြေကို ဦးဆောင်၍ စတင်သပိတ်မှောက်ခဲ့၊ ၁၉၉၀ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် တွင် အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ သို့ အခြေချနေထိုင်ရန် ရောက်ရှိခဲ့သည်။
ရဲဘော် ကျော်ထွန်း - ၁၉၅၆ တွင် မော်လမြိုင်မြို့တွင် မွေးဖွားခဲ့သည်။ ရှေ့ နေ လုပ်ငန်းဖြစ် အသက်မွေးခဲ့သည်။ ၁၉၈၈ ၈လေးလုံး အရေးတော်ပုံ ကြီးတွင် မော်လမြိုင်မြို့ ရှေ့နေများ အသင်းတွင် ပါဝင်၍ လှုပ်ရှားခဲ့သည်။ ၁၉၈၉ တွင် NLD ပါတီတွင် ပါတီဝင် အဖြစ်ဝင်ရောက် လှုပ်ရှားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်သို့ အခြေချနေထိုင်ရန် ရောက်ရှိလာခဲ့သည်။
Comments
MAY YOU ALL BE WELL & HAPPY !!!!
PLEASE SUPPORT THEM !!!!!!!