Kyaw Kyaw Myint - She is all our Mother


ငါတို့အားလုံးရဲ့အမေ

ကျော်ကျော်မြင့်

မေ ၂၇၊ ၂၀၀၉

ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာ နောက်မတွန့်ပါ … ရင်ဆိုင်နေ....
မြားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့ အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။

(ပန်းချီလက်ရာ - ချောအိသိမ်း၊ ၂၀၀၅ တုံးက ပန်းချီကား။ ခွင့်ပြုချက်မတောင်းဘဲ သုံးပါတယ်)

Comments