အမေတွေး
(စာညွန့်)
မာမာအေး
မေ ၃၊ ၂၀၀၉
ကိုယ့်ရဲ့ အကြင်နာနှလုံးသား
သူတို့ မြားလေးတွေနဲ့ပစ်
အချစ် အချစ်
၁ သစ် ၂ သစ်။
တစစ်စစ် တငုံငုံ
သူ့ရင်ငွေ့ ကိုယ်မလှုံ၊ သစ္စာသာ ခြုံခဲ့။
သည်ပုံမျိုးနဲ့ တမိုးချုပ်
ငုတ်တုတ်ကလေး ကိုယ်သာကျန်
မေတ္တာစစ် မူမှန်ပါလျှင်
သူ ပြန်လာမှာလေလား။
ကလေးကလား၊ ဘေးအနားကို ကြည့်မိ
ကိုယ့်အသိနဲ့ကိုယ်၊ သူတို့ဆို ဘယ်အရွယ်ရှိမလဲ
အမူ အကဲခတ်
စုလျားပတ်ဖို့ ဟုတ်ပါဘူး၊ တို့မှ မရူးဘဲဟာ
သေချာချင်တာက လူဝင်စား၊ မဝင်စား။
တွေ့ရင်တော့လား
မြတ်နိုးသွားတဲ့ စာနဲ့ကဗျာ
ထံတျာတေအမြစ် မြူးဇစ် (Musics) အရာ
ရင်းစားရအောင် လုပ်ရမှာ၊ ကိုယ်က မာစတာ မိခင်ဆရာ။
နောက်ပြီးတော့ကာ
အသက်သာဆွေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ကိုယ်မကွာ
အဲဒါလည်း မရသေးလို့၊ တို့အတူ
မူမနေကြေး တိုက်ဖို့၊
အားပေးဖို့၊ အားမွေးလို့
အမေတွေး တွေး၊ တနွှေးနွှေး
အဖေ့ဓားကို သွေး။ ။
မာမာအေး
ခေတ္တ အမေရိကန်ပြည်ထောင်စု
၂ဝဝ၉ ဧပြီလ ၃ဝ ရက်၊ ကြာသပတေးနေ့
မွန်းလွဲ ၁၂း၃၉ နာရီ။
Comments