ကမ္ဘာမြေ နေ့
မောင်စွမ်းရည်
မေ ၉၊ ၂၀၀၉
မောင်စွမ်းရည်
မေ ၉၊ ၂၀၀၉
ကမ္ဘာ့မြေနေ့
ငါ မေ့နေမိ။
ငါမေ့နေလဲ
ကမ္ဘာမြေက
ငါ့ကို မမေ့၊ ငါလို မမေ့
ရွေ့မြဲ ရွေ့ရင်း
“နေ့”က ”လ” ဖြစ်၊ “လ”က “နှစ်”ဖြစ်
တနှစ် တိုးခဲ့ပါလေပြီ။
တနှစ်တိုးလို့
တိုးမြဲ တိုးသကိုး၊ ထင်ရိုးထင်ဆဲ
ဆုတ်မြဲ ဆုတ်တာ၊ ငါမသိလိုက်။
သစ်တောတွေလဲ ဆုတ်မြဲ ဆုတ်သတဲ့။
သစ်သီးတွေလဲ ဆုတ်မြဲ ဆုတ်သတဲ့။
ပန်းပွင့်တွေလဲ ဆုတ်မြဲ ဆုတ်သတဲ့။
ပန်းလိပ်ပြာလဲ ဆုတ်မြဲ ဆုတ်သတဲ့။
ချိုးလင်းပြာလဲ ဆုတ်မြဲ ဆုတ်သတဲ့။
သမင် နွားကျွဲ ဆုတ်မြဲ ဆုတ်သတဲ့။
အလို !
ငါ့သက်တမ်းဟာ “တရာ” ဆိုရင်
နှစ် တရာ မျိုး၊ တနှစ်တိုး တိုင်း
၉၉ နှစ် ကျန်ပါတကား။ ။
(ဧပြီ ၂၂၊ ၂၀၀၉)
Comments