နာဂစ်အပြီး ၁ ပတ် နဲ့ ၁ နှစ်အကြာ ကွမ်းခြံကုန်းမြင်ကွင်း
ဓါတ်ပုံသတင်း - ၀င်းမြတ်
မေ ၈၊ ၂၀၀၉
နာဂစ်ဖြစ်ပွားပြီး တပတ်အကြာ နှင့် တနှစ်အကြာ ကွမ်းခြံကုန်း - နာဂစ်ဖြစ်ပြီး တနှစ်အကြာတွင် တွေ့မြင်ရသည့် မြင်ကွင်းများအရ နဂို အိမ်ယာ၊ အသက်မွေး ၀မ်းကျောင်းအခြေအနေ ပြန်လည်ရောက်ရှိဖို့ နောက်နှစ်နှင့် ချီကြာမြင့်ဦးမည့် အဓိပ္ပါယ် သက်ရောက်လျက်ရှိသည်။
နာဂစ် ဖြစ်ပြီးနောက် တပ်မ (၇၇) ကကွပ်ကဲရေး စခန်းပြုလုပ်ထားသည့် ကွမ်းခြံကုန်းမြို့လယ် ခန်းမ
ထိုခန်းမကို တစ်နှစ် အကြာတွေ့မြင်ရပုံ
နာဂစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ကွမ်းခြံကုန်းမြို့ အထက်တန်းကျောင်း
တနှစ်အကြာ တွေ့ရသည့် အဆိုပါ ပြင်ဆင်ပြီးသည့် အထက်တန်းကျောင်း
သို့သော် ပြန်လည် မပြင်ဆင်ရသေးသည့် ၊ပြန်လည် မတည်ဆောက်ရသေးသည့် စာသင်ကျောင်းပေါင်း ရာနှင့်ချီပြီး ကျန်နေသေးသည် ဟုသိရှိရသည်။
နာဂစ်ဒဏ် ခံစားထားရသည့် ကွမ်းခြံကုန်း သွားရာ ကားလမ်းနဘေးရှိ စေတီနှင့် တန်ဆောင်း
စေတီ၏ ထီးတော်ပြန်လည် တင်ပြီးသော်လည်း တန်ဆောင်းနှင့် အုတ်ရိုးများကို ပြန်လည်မပြင်ဆင် နိုင်သေးသည်ကို တွေ့ရသည်။
ကွမ်းခြံကုန်းမြို့နယ် မ၀တရုံး (မြို့နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ)
Comments