stamps for 150th anniversary of Mandalay city

နှစ် ၁၅၀ ပြည့် မန္တလေး (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
မေ ၁၃၊ ၂၀၀၉

̏ဟ ဒီလတော့ ငါ့တူတို့ သူငယ်ချင်းတွေ တယ်အဖွဲ့တောင့်ပါလားဟေ့။ လာကြ လာကြ˝

“သင်္ကြန်အပြီးဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေလည်း ဦးလေးကို ကန်တော့ရအောင် တမင်တကာ လူစုပြီး လာခဲ့ကြတာပဲ။ ပြီးခဲ့တဲ့လ တုန်းက ဦးလေးက မန္တလေးမြို့ နှစ် ၁၅၀ ပြည့်တဲ့အကြောင်း စကားဝိုင်းဖွဲ့ကြမယ်ဆို။ မန္တလေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ ဆိုကြမယ်ဆို။ အဲဒါကြောင့် အခုလို ရသလောက် လူစုခဲ့တာပဲ။ ဦးလေး ငှားလိုက်တဲ့ ဆရာတော် ဦးသောဘိတ (ရွှေကိုင်းသား)ရဲ့ အနှစ် ၁၀၀ ပြည့် မန္တလေး စာအုပ်ကိုလည်း ကျနော်တို့ ဖတ်ပြီးကြပါပြီ။ သမိုင်း ရှုထောင့်ကနေ ကြည့်ရင် တော်တော်တန်ဖိုးရှိတဲ့ စာအုပ်ပဲနော်"


Comments