striker Myo Hlaing Win becomes a soccer coach


တိုက်စစ်မှူးဟောင်း နည်းပြဆရာ မျိုးလှိုင်ဝင်း
ဓာတ်ပုံသတင်း
မေ ၉၊ ၂၀၀၉
ရန်ကုန်ယူနိုက်တက် FC အသင်း နှင့် စာချုပ် ချုပ်ဆိုနေသော နာမည်ကျော် တိုက်စစ်မှူးဟောင်း မျိုးလှိုင်ဝင်း။ ယမန်နေ့က ချုပ်ဆိုသော စာချုပ်အရ မျိုးလှိုင်ဝင်းသည် ထိုအသင်းတွင် လစာငွေ ကျပ် ၁ဝ သိန်း ရရှိမည် ဟု သိရပြီး နည်းပြချုပ်အဖြစ် တာဝန်ယူရမည်ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက် FC နည်းတူ မကြာသေးမီက တည်ထောင်ခဲ့သော ပုဂ္ဂလိက ဘောလုံးအသင်း အများစုတွင်လည်း နည်းပြချုပ်၏ လစာမှာ ကျပ် ၁၀ သိန်း၊ လက်ထောက် နည်းပြများမှာ ကျပ် ၅ သိန်းစီ ဖြစ်သည်။ (ဓာတ်ပုံ - ကြေးမုံသတင်းစာ)

Comments