Aung Way poem from De Line Mag

ပင်လယ်မဲ့မဲ့မြစ်
အောင်ဝေး
ဇွန် ၂၉၊ ၂ဝဝ၉

အလို … စိုဖပ်ဖပ်
ငွေလရောင် စေးပျစ်၊ အေးစက်စက်
သူမ ညထဲစီးဝင်
ဓားအိမ်၊ ဓားကို မျိုသလိုမျိုး
ကျေနပ်၊ ပင်လယ်၊ အိပ်မောကျ။

ငါ့မှာ မြစ်တစ်ခုမျှပဲသာ
မာယာ၊ တောင်တန်း၊ လွင်ပြင်
ငါ ဖြတ်သန်းခဲ့
ရာဇဝင်၊ လောက ကမ်းပါး
နိမ့်ဝှမ်းသော၊ ကောင်းကင်ငုံ့နမ်းရာ
ဟိုးမှာ၊ ငါစီးဝင်ရာ
အနာဂတ်၏ ထိုနေရာ။

လွမ်းပ
ငါက မြစ်ထက်တောင်
ပိုပြီး မြန်ဆန်သေးရဲ့
မင်းဟာ ပင်လယ်။

အချစ်ရေ …
အထီးကျန်
ဗော်လ်တိုင်းယားရယ်လေ
ဖာနေးမှာ ည ည ဆိုရင် …

အချစ်ရယ် …
ဒါ ဖြစ်ခဲ့တယ်
မာယာကော့ဖ်စကီးရယ်လေ
သြဒဲဆာမှာ ည ည ဆိုရင် …

ငါက၊ မြစ်တခုမျှပဲဟာ
ညမှာ လရောင်က
နားချင်ရဲ့
ငါ့ဓားရဲ့ ဓားအိမ်မှာ
ငါက မင့်ရင်အုံမှာပ။ ။

[ မူရင်း - ၁၉၉၅ နိုဝင်ဘာလထုတ် ဒီလှိုင်းမဂ္ဂဇင်း ]

Comments