Before and After the Collapse of Danoke Pagoda

(Danoke Pagoda after the recent collapse in June 2009)

အပျက်အစီးပုံကြားထဲက ဓနုတ်စေတီ - ယခင် နာဂစ်အပြီး နှင့် ယခု ပြိုကျအပြီးမြင်ကွင်း

မိုးမခ ဓာတ်ပုံသတင်း

ဇွန် ၁၆၊ ၂၀၀၉

နာဂစ် ဖြစ်ပြီး ၁၀ ရက် ၀န်းကျင်အကြာ မေလ ၁၁ ရက်နေ့တွင် ရိုက်ကူးထားသည့် ဒလ မြို့နယ် ဓနုတ်စေတီတော် မြင်ကွင်းများ ဖြစ်သည်။ နာဂစ်ဒဏ်ခံစားခဲ့ရသည့် ဓနုတ်ရွာသူရွာသားများအား ရန်ကုန်မြို့ပေါ်မှ ပုဂ္ဂလိက အလှူရှင်များ စုပေါင်းသွားရောက်ပြီး အမိုးအကာ ပလပ်စတစ်စ၊ ခေါက်ဆွဲခြောက်ထုပ်၊ရေသန့်ဗူးများနှင့် အခြားစားစရာများ သွားရောက် ပေးလှူခဲ့စဉ် မြင်တွေ့ရသည့် ဓနုတ်စေတီ ဖြစ်သည်။

နာဂစ်ဒဏ်ကြောင့် ဓနုတ်စေတီ၏ တန်ဆောင်းများ၊ အရံစေတီထီးတော်များ ပျက်စီးနေသည်ကို မြင်တွေ့ရမည် ဖြစ်ပြီး စေတီပင်ကိုယ်မှာမူ ၂၀၀၅ခုနှစ် အကုန်တွင်ဖြစ်ပွားသည့် ဆူနာမီ ငလျင်ဒဏ် ခံစားခဲ့ရစဉ် ပြိုပျက်ခဲ့ခြင်း ဖြစ်သည်။

ဓနုတ်စေတီ ပြီးခဲ့သည့် လ ၃၀ ရက်နေ့က ပြိုကျခဲ့သည့် အကြောင်းအရင်းကို နအဖ စစ်အစိုးရခေါင်းဆောင်ပိုင်းက အဖွဲ့ငယ်ဖွဲ့ပြီး အကြောင်းရင်းကို စစ်ဆေးစေခဲ့သည်။ ဘုရားပြိုကျပြီး မကြာမီပင် ဘုရားပြုပြင်ရာတွင် တာဝန်ယူထားသည့် ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု သိရှိရသည်။

ရှေးပဒေသရာဇ် စနစ်နှင့် အလားသဏ္ဍန်တူသည့် နအဖ ခေါင်းဆောင်၏ အုပ်စိုးမှုကြောင့် တာဝန်ခံအင်ဂျင်နီယာမှာ ဘုရင်အမျက်တော်ရှခံရမည်ကို စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင် သွားသည်ဟု ယူဆကြသည်။



နာဂစ် အပြီး မြင်တွေ့ရသော ဓနုတ်စေတီ

Comments